ကိုယ်ရေးအချက်အလက်
ဘာတွေ သိမ်းထားလဲ။
တယ်လီဂရမ် အကောင့်အမှတ်နဲ့ ချတ်အမှတ်၊ မှတ်ထားတဲ့ ကတ်တွေ၊ ပြန်လေ့ကျင့်တုန်းက ရွေးခဲ့တဲ့ အဖြေတွေနဲ့ သတိပေးချိန်ကို သိမ်းထားတယ်။ ကတ်ကို ဆက်ပြနိုင်ဖို့ နောက်ဆုံးဘော့မက်ဆေ့ချ်ရဲ့ အမှတ်ကိုလည်း သိမ်းထားတယ်။
Admin မှာ အကောင့်တွေကို ခွဲခြားသိနိုင်ဖို့ Telegram အမည်နဲ့ username ကိုလည်း သိမ်းထားပါတယ်။
အသုံးပြုခွင့် ဖွင့်ထားရင် သက်တမ်းနဲ့ ဖွင့်ပေးတဲ့ အတည်ပြုအမှတ်ကိုလည်း သိမ်းထားတယ်။
တခြား စကားပြောမက်ဆေ့ချ်တွေကို မသိမ်းဘူး။ Telegram နဲ့ဝင်ရင် ဖုန်းနံပါတ်နဲ့ အီးမေးလ်ကို မတောင်းပါဘူး။ လေ့ကျင့်ထားတာတွေကို ဉာဏ်ရည်တု ဝန်ဆောင်မှုဆီ မပို့ဘူး။ ဒီဘော့နဲ့ စကားပြောရာမှာ တယ်လီဂရမ်ကို သုံးထားတယ်။
သတိပေးချက် ပိတ်ချင်ရင် /stop လို့ ပို့လို့ရတယ်။
Google နဲ့ဝင်ရင် Google အကောင့်အမှတ်၊ အမည်နဲ့ အတည်ပြုပြီးသား အီးမေးလ်ကို အကောင့်ခွဲခြားဖို့ သိမ်းထားပါတယ်။ Google စကားဝှက်၊ Gmail စာတွေ၊ Drive ဖိုင်တွေနဲ့ profile ဓာတ်ပုံကို မသိမ်းပါဘူး။ Google ချိတ်ဆက်ခွင့်အတွက် အမည်နဲ့ အီးမေးလ်ကိုပဲ တောင်းပါတယ်။ ခွင့်ပြုချက်ကို Google အကောင့်ရဲ့ လုံခြုံရေးဆက်တင်ကနေ ပြန်ဖြုတ်နိုင်ပါတယ်။ Telegram နဲ့ ချိတ်ထားတဲ့ အကောင့်မှာ Google ထပ်ချိတ်ရင် မှတ်ထားတာတွေနဲ့ အသုံးပြုခွင့် မပြောင်းပါဘူး။ အီးမေးလ်တူရုံနဲ့ အကောင့်နှစ်ခုကို အလိုအလျောက် မပေါင်းပါဘူး။
Google Play နဲ့ ဝယ်ထားရင် ဝယ်ထားတဲ့ subscription အမှတ်၊ သက်တမ်းနဲ့ သက်တမ်းတိုးခြင်း အခြေအနေကို Google ဆီမှာ စစ်ပြီး သိမ်းထားပါတယ်။ ငွေပေးချေကတ်အမှတ်ကို KanjiDaily က မရရှိပါဘူး။ App ဖွင့်သုံးချိန်၊ ရွေးထားတဲ့ ပထမ JLPT level နဲ့ ဖွင့်ကြည့်တဲ့ Grammar သင်ခန်းစာအမှတ်ကို App တိုးတက်အောင် ပြင်ဆင်ဖို့ သိမ်းထားပါတယ်။ Grammar လေ့ကျင့်ခန်းအဖြေနဲ့ ရလဒ်ကို အကောင့်မှာ မသိမ်းပါဘူး။
အကောင့်ဖျက်ချင်ရင် တစ်ခြား Menu များ → အကောင့် ဖျက်မယ် မှာ DELETE လို့ ရိုက်ပြီး အတည်ပြုနိုင်ပါတယ်။ ဖျက်ပြီးတာနဲ့ အသုံးပြုနေတဲ့ အကောင့်အချက်အလက်၊ လေ့ကျင့်မှတ်တမ်း၊ ချိတ်ထားတဲ့ အကောင့်အမှတ်၊ အသုံးပြုခွင့်နဲ့ KanjiDaily ထဲက ဝယ်ယူမှုမှတ်တမ်းတွေကို ဖယ်ရှားပါတယ်။ Google Play အလိုအလျောက်သက်တမ်းတိုးထားတာကိုလည်း အရင်ပိတ်ပေးပါတယ်။ Google ဆီမှာရှိတဲ့ ဝယ်ယူမှုမှတ်တမ်းနဲ့ Telegram မှာ ပို့ပြီးသားမက်ဆေ့ချ်တွေကို KanjiDaily က ဖျက်မပေးနိုင်ပါဘူး။ အရေးပေါ်ပြန်ယူနိုင်ဖို့ Cloudflare က ထိန်းထားတဲ့ backup တွေမှာ ရက် ၃၀ အထိ ကျန်နိုင်ပါတယ်။ အကောင့်မဖျက်မချင်း သင်ယူမှုနဲ့ အကောင့်မှတ်တမ်းတွေကို ဆက်သုံးနိုင်ဖို့ သိမ်းထားပါတယ်။
App ကို မသုံးနိုင်တော့ရင် https://kanjidailymm.com/delete-account/ မှာ အကောင့်ဖျက်ဖို့ ဆက်သွယ်နည်း ရှိပါတယ်။ အကူအညီအတွက် mto9902@gmail.com ကို ဆက်သွယ်နိုင်ပါတယ်။
Support: mto9902@gmail.com